ASIA LIVE TECH အကြောင်းကို

ကျွန်ုပ်တို့၏ ပရိုဖိုင်

Asia Live Tech အား ၂၀၁၁ တွင်စတင်ခဲ့ပြီး လုပ်ငန်းရှင်များ၊ iGaming ပူးပေါင်းသူများနှင့် လောင်းကစား အော်ပရေတာများအား အွန်လိုင်းဂိမ်းကစားခြင်း ထုတ်ကုန်များနှင့် ဖြေရှင်းချက်များကို စီစဉ်ပေးသော iGaming ထုတ်လုပ် သူနှင့် ဆော့ဖ်ဝဲ စီစဉ်ပေးသူအဖြစ် တည်ထောင်ခဲ့ပါသည်။

Our Profile - Asia Live Tech

Asia Live Tehc (ALT) တွင် ကျွန်ုပ်တို့သည် ဖောက်သည်များအား ခေတ်အမီဆုံးသော အွန်လိုင်းဂိမ်းများနှင့် နည်းပညာ ဖြေရှင်းချက်များအား စီစဉ်ပေးနိုင်ရန် ရည်မှန်းချက်ထားပါသည်။ သို့ရာတွင် အမြဲတမ်း ယင်းကဲ့သို့ မဟုတ်ခဲ့ပါ။ Lucky89 Casino & Resort အမည်ဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် မြေစိုက် ကာစီနိုတစ်ခုအနေဖြင့် စတင်ခဲ့ပြီး ယှဉ်ပြိုင်မှု အလွန်ပြင်းထန်သော လုပ်ငန်းတွင် တိုးတက်မှု နှင့် ဖောက်သည် စိတ်ဝင်စားမှုအတွက် စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရပါသည်။

Asian Table Games

လုပ်ငန်းအကျိုးအမြတ် ပိုမိုရရှိရန်အတွက် ဗျူဟာအသစ်များအား ရှာဖွေရန် ဖြစ်လာခဲ့ပါသည်။ ဖြစ်နိုင်ခြေများစွာအား ပြန်လည်သုံးသပ်ပြီး နောက် ကျွန်ုပ်တို့၏ အရည်အသွေးနှင့် ယဉ်ကျေးမှု အဆင့်အတန်းများအရ အဓိကအားဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့် အာရှကစားဝိုင်း ဂိမ်းများ (ဘက်ကာရတ်၊ စစ်ဘို၊ ဖန်-တန်၊ ရှောက်တီယာ၊ နဂါးကျား အစရှိသည်)၊ အာရှထီထိုးခြင်းများနှင့် ကီနို၊ အားကစားလောင်းကြေး ထပ်ခြင်း၊ ဂရုတစိုက် ရွေးချယ်ထားသော စလော့ဂိမ်းများစသည့် အချို့သော ထုတ်ကုန်များအပေါ်တွင် အာရုံစိုက်ခြင်းဖြင့် အကောင်းဆုံး ရလဒ်ဖြစ်သည့် အွန်လိုင်း ဂိမ်းကစားခြင်း ဖြေရှင်းချက်များအဖြစ် ပြုလုပ်ခဲ့ပါသည်။

သက်သာသော ဈေးနှုန်းဖြင့် အောင်မြင်မှုရရှိစေရန်၊ ပြင်ဆင်မှုနှင့် ပေါင်းစပ်မှုအား ကြားခံတစ်ခုအဖြစ် အာရုံစိုက်နိုင်ရန်အတွက် တတိယ အဖွဲ့အစည်း ဆော့ဖ်ဝဲများနှင့် ဖြေရှင်းချက်များအား ကျွန်ုပ်တို့ စတင်အသုံးပြုခဲ့ပါသည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ တိုးတက်မှု နှင့်ယုံကြည်မှုကို အဟန့်အတားဖြစ်စေသည့် ယင်းတို့၏ ရောင်းချသူများနှင့် စနစ်များကြောင့် ပြဿနာများစွာ ကြုံခဲ့ရပါသည်။ သို့ဖြစ်ရာ ရရှိခဲ့သော အတွေ့အကြုံများဖြင့် ကိုယ်ပိုင် အွန်လိုင်း ဂိမ်းကစားခြင်း ဖြေရှင်းချက်များအား ထုတ်လုပ်ရန် Asia Live Tech မှ ဆုံးဖြတ်ခဲ့ ပါသည်။

အွန်လိုင်း iGaming ထုတ်လုပ်သူနှင့် ဆော့ဖ်ဝဲ စီစဉ်ပေးသူ တစ်ဦးအနေဖြင့် ကာစီနို အော်ပရေတာတစ်ဦးတွင် လိုအပ်မည့် အချက်များနှင့် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအား သင့်လျော်အောင် ဆောင်ရွက်ပေးထားသည့် တွက်ခြေကိုက်သော ကိုယ်တိုင်ထုတ် ဝန်ဆောင်မှုများအား စီစဉ်ပေးရန် ယုံကြည်ပါသည်။ မိတ်ဆွေ၏ကိုယ်ပိုင် ဝဘ်ဆိုက်တစ်ခုအား စတင်လိုပါက လက်ရှိ လုပ်ဆောင်မှုများအား ချဲ့ထွင်ပါ။ မိတ်ဆွေ၏ ဒေတာ ဘေ့စ်တွင် ကျွန်ုပ်တို့၏ ထုတ်ကုန်များအား ပေါင်းစည်းလိုက်ပါ။ မိတ်ဆွေအတွက် ကျွန်ုပ်တို့ အသင့်ရှိနေပါသည်။ လျင်မြန်ပြီး လေးစားမှုရှိကာ ကျွမ်းကျင်မှုရှိသော ဖောက်သည် ဝန်ဆောင်မှုအား ကျွန်ုပ်တို့ တာဝန်များ၏ ထိပ်ဆုံးတွင် ထားရှိခြင်းဖြင့် မိတ်ဆွေရွေးချယ်သော လမ်းကြောင်းတလျှောက်တွင် အတူပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုအား ကျွန်ုပ်တို့ အာမခံပါသည်။

Asia Live Tech Products

နှစ်အနည်းငယ်အတွင်း Asia Live Tech သည် တိုးတက်ပြောင်းလဲနေသော နည်းစနစ် ဆန်းစစ်မှုများ၊ ဖွံ့ဖြိုးမှု အလေ့အကျင့်များနှင့် အရည်အသွေး ပြည့် ဝသော စနစ်များမှတဆင့် ယင်း၏ကိုယ်ပိုင် အောင်မြင်မှုများအား အစဉ်အမြဲ သာလွန်နေစေရန် ရည်မှန်းချက်ဖြင့် နာမည်ကျော်ကြားသော လုပ်ငန်းများ၏ ယုံကြည်မှုကို ရရှိကာ ဂိမ်းကစားခြင်း လုပ်ငန်း၌ အာရှတွင် ဦးဆောင်နေသော အမှတ်တံဆိပ်များအနက် တစ်ခုဖြစ်လာပါသည်။

တံဆိပ်မဲ့ဆော့ဖ်ဝဲ၊ မိုဘိုင်းလ်နှင့် လူမှုပလက်ဖောင်းများ၊ အွန်လိုင်းနှင့် မိုဘိုင်းလ် ကာစီနိုဂိမ်းများ၊ လူသားဒိုင် ပါဝင်သော ကာစီနို၊ အားကစား လောင်းကြေးထပ်ခြင်း၊ စလော့ဂိမ်းများ၊ ထီထိုးခြင်းများ၊ ဆာဗာအခြေပြု ဂိမ်းကစားခြင်း စနစ်များအပါအဝင် ကျွန်ုပ်တို့၏ ဖြေရှင်းချက်များ၊ ဝန်ဆောင်မှု များ၊ နည်းပညာနှင့် ပါဝင်သည့်အချက်များ အစွမ်းဖြင့် အာရှဈေးကွက်များစွာတွင် ကျွန်ုပ်တို့ ခြေကုပ် ရရှိခဲ့ပါသည်။

ကျွန်ုပ်တို့၏ ဖြေရှင်းချက်များဖြင့် မိတ်ဆွေသည်လည်း အကျိုးအမြတ်ရရှိသော အွန်လိုင်း ကာစီနို လုပ်ငန်းတစ်ခုအား ပိုင်ဆိုင်ရန် သို့မဟုတ် မိတ်ဆွေ၏ ရှိနှင့်ပြီးသော ကာစီနို အမှတ်တံဆိပ်အား တိုးတက်နေသာ အာရှ ကာစီနို ဈေးကွက်သို့ ချဲ့ထွင်နိုင်ရန် ဖြစ်နိုင်ပါသည်။ မိတ်ဆွေ၏ အလုံးစုံ စိတ်ချမ်းသာမှု အတွက် မိတ်ဆွေ၏ လိုအပ်ချက်များကို ကျွန်ုပ်တို့၏ ဝန်ထမ်းက စောင့်မျှော်နေပါသည်။

ဒီထက္ပိုသိဖို ့